collection poster

ကလသာရဲ့ ရုပ်စုံဘောက်

Early 1890 - 1900

“ရတာလေးနဲ့ပဲ ခံစားမှုရသ နစ်ဝင်ခဲ့ကြရှာတယ်” ရုပ်စုံဘောက်လိုအလွယ်ခေါ်ပြီး ဘုရားပွဲစျေးတွေမှာ တစ်ရွာဝင်တစ်ရွာထွက် လှည့်လည်ပြသခဲ့တယ်။တစ်ခါကြည့် တစ်မတ်၊ငါးမူးစသဖြင့် တိုးဝှေ့ကြည့်ခဲ့ရတဲ့ ရုပ်စုံပြ၊ခံစားမှုသေတ္တာတစ်လုံးပါ။အဒီခေတ်ကာလ အညာဘက်ကရွာတွေမှာ တီဗွီရှားပါး၊ခေတ်အရလဲ ကြည့်ချင်တာကြည့်လိုမရ၊ဒီတော့ ရတာလေးနဲ့ပဲ ခံစားမှုရသ နစ်ဝင်ခဲ့ကြရှာတယ်။ ပြသသူဟာ ဘေးမှာရှိတဲ့ကြိုးနဲ့ထိန်းညှိပြီး ဓာတ်ပုံဖလင်တစ်ချပ်ချင်းကို ပြသရင်း တစ်ချပ်ချင်းစီမှာ သူသိထား၊ဖတ်ထားတဲ့ အကြောင်းအရာအဖုံဖုံကို ပါးစပ်ကရေရွတ်ပြောဆိုပါတယ်။ရံဖန်ရံခါ စည်းနဲ့ဝါးကို တီးခက်ရင်း မြန်မာ့နည်းမြန်မာ့ဟန်နဲ့ စကားလုံးပေါပေါကြွယ်ကြွယ်သုံးကာ ဖျော်ဖြေတင်ဆက်မှု အထမြောက်ခဲ့တယ်။ ဒီဘက်ခေတ်အနေနဲ့ မြင်သာအောင်ပြောရရင်တော့ ဒါက Slidesတစ်ချပ်ချင်းစီနဲ့ Presentation လုပ် နေတာမျိုးပါ။ဘောက်ရဲ့အောက်မှာတော့ သူ့ရဲ့တစ်ကိုယ်ရည် အသုံးအဆောင်များကိုထည့်၊ထမ်းပိုးရင်း တစ်ရွာဝင်၊တစ်ရွာထွက် လှည့်လည်ပြသ ဖျော် ဖြေခဲ့ပါတယ်။ ဒီလိုမျိုး မြန်မာမှုရှေးပစ္စည်း၊ဖျော်ဖြေရေးတင်ဆက်မှု ရုပ်စုံဘောက်ကို ကလသာမှချစ်မြတ်နိုးသောအားဖြင့် ထိန်းသိမ်းထားပြီး ကလသာရဲ့မိတ်ဆွေတိုအနေနဲ့လဲ အဲ့ဒီခေတ်အဲ့ဒီအခါက ခံစားမှုပုံစံကို လာရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။ ————————— Film Box or Entertained Box It was called “Film Box” that had been showed around traditional events and religious festivals. It might cost 0.25 or 0.5 Kyats to look once.In that age, television was very rare; people couldn’t watch entertainments.So ,they felt the art or was entertained as they could . The entertainer showed his photo slides sharing knowledge about them in each. He often played Myanmar traditional instruments box in sharing knowledge with Myanmar culture.To be clear,it was like presentation with slides in this age. Below the box,the entertainer kept his personal equipments and went around the villages . The Film Box has been kept in our Art Space with loving Myanmar Culture & Art as the visitors can look freely how people in Myanmar in that age was entertained .

Related Collections

See all
logo

A Space of sharing ART for all generations

social iconsocial iconsocial icon

get in touch

Contact us:

+95 976 345 578

admin.kalasa@gmail.com

Location

Our address:

No. 91-93, 1st floor(left),

Seikkantha Street (Lower Block),

Kyauktada Township, Yangon.

© 2019-2023. All Right Reserved by Kalasa Art Space.