"WHO IS IT?" is the third solo exhibition by Artist Ke' Su Thar and the first event in the "Zen Stories from My Memory" series. This exhibition was inspired by Artist’s a short journey to India. Though it may seem related to his previous show "EMPTY," presented at Omm Art Gallery in 2022, "WHO IS IT?" is not a continuation of it. In this exhibition, Artist Ke' Su Thar explores deep questions about identity and reality. Are we really who we think we are ,or are we just reflections, misconceptions, or illusions of ourselves? The artist invites us to question if we truly see our real selves. Are the versions of ourselves that we see real, or are there hidden aspects behind them? This exhibition encourages viewers to think about their own sense of self and consider the realities and illusions that shape our understanding of identity. ဒီတပတ် ကလသာအနုပညာပြခန်းမှာ ပြသမယ့် “ Who Is It? “ လိုအမည်ပေးထားတဲ့ ပြပွဲကတော့ Artist Ke’ Su Thar ရဲ့ တတိယမြောက်တစ်ကိုယ်တော် ပြပွဲပဲ ဖြစ်ပါတယ်။ “ Zen Stories From My Memory” စီးရီးကနေ ပထမဆုံးတင်ဆက်လိုက်တဲ့ ပွဲလို့လည်းဆိုနိုင်ပါတယ်။ အိန္ဒိယခရီးစဉ်ကအပြန်မှာ ဒီပြပွဲအတွက် Idea ကိုရခဲ့တာဖြစ်ပါတယ် ။ ၂၀၂၂ ခုနှစ် Omm Art Gallery မှာ ပြသခဲ့တဲ့ “ EMPTY “ ပွဲရဲ့ အဆက်လို့ ထင်ရသော်ငြား တကယ်တော့ သိပ်အစပ်အဆက် မရှိလှပါဘူး ။ ယခု “ Who Is It? “ အမည်ရတဲ့ပြပွဲမှာတော့ Artist ဟာ လူတွေရဲ့ ကိုယ်ပိုင်ဝိသေသ (Identity) နဲ့ တကယ့်အရှိတရား (Reality) တို့နဲ့ပတ်သတ်ပြီး သူ့ artworks တွေကတဆင့် လေးလေးနက်နက် မေးခွန်းထုတ်ထားတာကိုတွေ့ရမှာပါ။ ကျွန်တော်တိုတွေဟာ တကယ်ပဲ ကိုယ်ထင်နေတဲ့ ကိုယ် ဖြစ်နေတာ ဟုတ်ကောဟုတ်ရဲ့လား ??? မိမိစိတ်ရဲ့ ရောင်ပြန်ဟပ်ခြင်း ( Reflection )တွေများလား ???? ကိုယ်ထင်ရာ ကိုယ့်ယူဆချက်တို့နဲ့ နေနေကြတာများလား ???? ကိုယ့်ကိုယ်ကိုယ် လှည့်ဖျားနေနေမိကြတာများလား ???? အစရှိတဲ့ မေးခွန်းပေါင်းများစွာနဲ့ …….. ကိုယ့်ရဲ့ ကိုယ် စစ်စစ်မှန်မှန်ကို ပြန်လည်ဖွေရှာနိုင်ဖို့ ၊ ကိုယ့်ရဲ့အမှန်တရား၊ ကိုယ့်ရဲ့ တကယ့်ဖြစ်တည်မှု (Identity)ကို သိရှိလက်ခံနိုင်််််ဖို့ သူ့ပန်းချီကားတွေက ကျွန်တော်တို့ကို တွန်းအားပေးနေသလိုပါပဲ ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် အမှန်ထင်နေကြတဲ့ ကိုယ့်ရဲ့ဖြစ်တည်မှု ပုံစံ ( Version Of Ourselves ) တွေဟာ တကယ့်ကိုယ့်ရဲ့ version အမှန်စင်စစ် ဟုတ်ကော ဟုတ်ပါရဲ့လား ????????? ကိုယ့်ဖြစ်တည်မှုပုံစံရဲ့နောက်ကွယ်မှာ ဘာတွေများ ထပ်ရှိနေဦးမလဲ ????? ဒီလိုတွေးစရာ မေးခွန်းပေါင်းစုံနဲ့ ပန်းချီကားကြည့်ရှုသူအပေါင်းကို ကိုယ်ယူဆထားတဲ့ ကိုယ် ၊ ကိုယ့်ရဲ့ တကယ့်အရှိတရား (reality) နဲ့ ကိုယ့်အထင်အမြင် (illusions) တွေကို သဘောပေါက်နားလည်စေပြီး ကိုယ်ရဲ့ ဖြစ်တည်မှုကို ပြန်လည်ဆန်းစစ်ကြည့်ဖို့ အတွေးအမြင်ရရှိစေမယ့် အနုပညာပန်းချီပြပွဲတစ်ပွဲ ဖြစ်စေလိမ့်မယ်လို ယုံကြည်လျက် ……….. ကလသာအနုပညာပြခန်းမှ တင်ဆက်လိုက်တဲ့ Artist Ke’ Su Thar ရဲ့ Third Solo Show “ Who Is It?” .
November 30 to 08, 2024
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
February 12 to 16, 2025
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
February 04 to 09, 2025
At No.91-93, Seikkantha Street (lower block), Kyauktada Township, Yangon.
March 27 to 31, 2024
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
November 01 to 17, 2024
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
June 09 to 16, 2024
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
quick links
get in touch
Contact us:
+95 976 345 578
admin.kalasa@gmail.com
Location
Our address:
No. 91-93, 1st floor(left),
Seikkantha Street (Lower Block),
Kyauktada Township, Yangon.
© 2019-2023. All Right Reserved by Kalasa Art Space.