
လူမှုဘဝကြားမှာ ဖြန့်ထွက်တွေးမြင်သူ၏ စိတ်ကူးခရီးများဟာ စိတ်ကူးသညာ၊ နိမိတ်ပုံသင်္ကေတတွေနဲ့ လူသားတို့ရဲ့သိမှုအလွှာလွှာကို ဖြတ်ကျော်လျှောက်လှမ်းတဲ့ ခရီးတစ်ခုပါပဲ။ယခုပြပွဲက လူသားရဲ့ပကတိဖြစ်တည်မှုနဲ့ စိတ်ကူးယဉ်ဆန်းကြယ်မှုတွေရဲ့ကြားက လူရဲ့ဖြစ်တည်မှုဆိုင်ရာမေးခွန်းတွေကို စာပေသရုပ်ဖော်ပုံကြမ်းတွေ၊ သမိုင်းနဲ့အနုပညာဆိုင်ရာ ရည်ညွှန်းချက်တွေနဲ့ ရှာဖွေဆန်းစစ်ထားတဲ့ အနုပညာလက်ရာတွေလို့ပဲ ဖော်ညွှန်းရပါမယ်။ လူ့စိတ်သဘောထားရဲ့ လျှိုဝှက်နက်နဲထူးခြားဆန်းကြယ်မှုအပေါ်မှာ စိတ်ဝင်စားမှု၊ ဒဏ္ဍာရီ၊ နိမိတ်ပုံသင်္ကေတတွေနဲ့ သမားရိုးကျစွမ်းအင်တွေအပေါ် အာရုံဝင်စားမှုတွေက အနုပညာလက်ရာတစ်ခုချင်းစီကနေ ခံစားသူတွေထံ ရောင်ပြန်ဟပ်စေနိုင်မှာပါ။ သမားရိုးကျရှုမြင်မှုနဲ့ အရူးအမူး ရှုမြင်မှုကြားက အားပြိုင်မှုတွေနဲ့ ၊ အနုပညာဖန်တီးမှုတို့ရဲ့ အတူယှဉ်တွဲဖြစ်ထွန်းမှုတွေကို သွင်ပြင်သဏ္ဌာန်တွေနဲ့အတူ စိတ်ကူးခံစားကြည့်ရမှာပါ။ အနုပညာဆိုတာ ထုံးတမ်းစဉ်လာတွေနောက် လိုက်နေဖို့မလိုအပ်သလို အနုပညာဆိုင်ရာအသိအမြင်တွေ ကြွယ်ဝလာစေဖို့ကလည်းအရေးပါပါတယ်။ အနုပညာဟာ ကြောင်းကျိုးအဆက်အစပ်ပြတ်တောက်ခြင်းနဲ့ အလွန်ဆန်းကြယ်သောအရာတွေအကြား သဟဇာတဖြစ်ခြင်းတွေကိုလည်း အနုပညာက ဖော်ညွှန်းနိုင်ပါတယ်။ ယခုအနုပညာပြပွဲမှ ရရှိသောအကျိုးအမြတ်အားလုံးကို ’Aung Mental Health Initiative’ နှင့် ချိတ်ဆက်ပြီး စိတ်ကျန်းမာရေးနဲ့သက်ဆိုင်သောနေရာများသို့ အားဖြည့်ကူညီပံ့ပိုးသွားမှာလည်း ဖြစ်တဲ့အတွက် လာရောက်ကြည့်ရှုအားပေးနိုင်ကြဖို့ ဖိတ်ကြားလိုက်ရပါကြောင်း။ ။ The Imaginary Travels of an Eclectic Diplomat unfolds as a journey through imagination, symbolism, and the many layers of human consciousness. This exhibition explores existential questions and the human condition, drawing on literary, historical, and artistic references to navigate the borderlands between reality and fantasy. Each work invites viewers to reflect on the archetypal power of symbols and the fascination that mystery, myth, and esotericism exert on the human mind. Beneath its playful surface, the exhibition contemplates the tension between normalcy and madness—suggesting that perhaps both coexist within the creative process itself. Through this imaginative dialogue, the artist reminds us that art does not seek to conform to reason but to expand perception. It offers a space where the marvelous, the mystical, and the irrational can find harmony. All proceeds from this exhibition will support the Aung Mental Health Initiative, reinforcing the connection between creativity, empathy, and mental well-being.

December 14 to 22, 2024
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
.png&w=640&q=75)
February 12 to 16, 2025
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်

January 11 to 15, 2025
At No.91-93, Seikkantha Street (lower block), Kyauktada Township, Yangon.

June 09 to 16, 2024
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်

November 01 to 17, 2024
At အမှတ် ၉၁-၉၃၊ ဆိပ်ကမ်းသာလမ်း၊ အောက်ဘလောက် (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်

October 16 to 20, 2025
At No.91-93, Seikkantha Street, (lower block), Kyauktada Township, Yangon.
quick links
get in touch
Contact us:
+95 976 345 578
admin.kalasa@gmail.com
Location
Our address:
No. 91-93, 1st floor(left),
Seikkantha Street (Lower Block),
Kyauktada Township, Yangon.
© 2019-2023. All Right Reserved by Kalasa Art Space.